မိုးမိတ် ဩဂုတ် ၁၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃ -၂၀၂၄ ခုနှစ် မိုးစပါး (၄၀၃၈၁) ဧက စိုက်ပျိုးခဲ့ရာ မျိုးကောင်းမျိုးသန့် တိုးပွားစေရန်နှင့် တစ်ဧကအထွက်နှုန်း တိုးပွားစေရေး ရည်ရွယ်၍ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ခရိုင်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးစပါးစိုက်ဧကများကို ကြဲခင်းများစိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းတို့ဖြင့် စနစ်တကျစိုက်ပျိုးခြင်းနည်းများဖြင့် စိုက်ပျိုးပြီးဖြစ်ရာ မိုးမိတ်မြို့နယ်တွင် မိုးစပါးစိုက်ဧက (၁၆၃၈၅) ဧကနှင့် မဘိမ်းမြို့နယ်တွင် မိုးစပါးစိုက်ဧက (၂၃၉၉၆) ဧကစုစု ပေါင်း (၄၀၃၈၁)ဧကတို့ကို စိုက်ပျိုးပြီးစီးခဲ့ရာ တောင်သူများအနေဖြင့် ဆင်းဧရီ ၃၊ ဧရာမင်း၊ ကောင်ညှင်း၊ ပေါ်ဆန်၊ မှော်ဘီနှင့် ဒေသယာစပါး၊ တောင်ယာစပါးများကို အများဆုံးစိုက်ပျိုး ထားသည်ဟု ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ဖြူဖြူအေးထံမှ သိရသည်။
စိုက်ပျိုးရေးဦးစီးဌာအနေဖြင့် စပါးအထွက်နှုန်းတိုးတက်စေရေအတွက် တောင်သူများအား နည်းပညာအသိပညာပေးခြင်း၊ ဓာတ်မြေဩဇာနှင့် မြေဩဇာများဖြန့်ဝေခြင်း၊ သီနှံပိုးမွှားရောဂါ ကြိုတင် ကာကွယ်ရေးသတိပေးချက်ထုတ်ပြန်ခြင်း၊ ပိုးသတ်ဆေးစနစ်တကျကိုင်တွယ် သုံးစွဲရေးနည်းလမ်းများနှင့် ပညာပေးသင်တန်းများ၊ ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ လယ်ယာကဏ္ဍသီးနှံစိုက်ပျိုး ထုတ်လုပ်မှုအရည်အသွေးကောင်းမွန်စေရေးတို့အတွက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စည်သူဌေး(ခရိုင်၊ ပြန်/ဆက်)