တပ်ကုန်း အောက်တိုဘာ ၁၄
နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ မြေစိုက်ဘုတ် တွင် ပြည်သူများ ဗဟုသုတရရှိနိုင်သည့် ကိုဗစ်-၁၉ ဆိုင်ရာ သတင်းအချက်အလက်များ အသိ ပညာပေး ရုပ်ပုံများပြသခြင်းကို ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ အသိပညာပေးရုပ်ပုံများနှင့် ဆောင်ရန်/ ရှောင်ရန်များ၊ မီဒီယာနှင့်သတင်းအချက်အလက်သိရှိနားလည်မှုရှိသော မိဘအုပ်ထိန်းမှု အတတ် ပညာနှင့် ကျန်းမာရေးဆိုင်ရာနည်းလမ်းများ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာ၌ ဆောင်ရန်/ရှောင်ရန်များ၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့်ထင်မြင်ယူဆချက်များ၊ ကျန်း မာရေးအသိပညာပေးပိုစတာများနှင့် ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များ စသည့် အသိပညာပေး အကြောင်းအရာမျိုးစုံကို ပြည်သူများ ကြည့်ရှုလေ့လာနိုင်စေရန် ပြသထားသည်။
အဆိုပါမြေစိုက်ဘုတ်တွင် လစဉ်နိုင်ငံတော်အကြီးအကဲများ၏ ဆောင်ရွက်ချက်မှတ်တမ်းများ၊ လူကုန်ကူးမှုဆိုင်ရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်များ၊ ဒေသအတွင်းရှိ သတင်းအချက်အလက် များ နှင့် နေ့ထူးနေ့မြတ်အထိမ်းအမှတ်နေ့များ အပါအဝင် လစဉ်ဆောင်ရွက်ပြသပေး လျက်ရှိကြောင်း သိရသည်။
တင်စိုးလွင် (ပြန်/ဆက်)