နမ္မတူတွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေး အဆင့်မြှင့်ကျောင်း ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

နမ္မတူ ဩဂုတ် ၁၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ္မတူမြို့နယ်တွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအဆင့်မြှင့်ကျောင်း ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းက အမှာစကား ပြောကြားပြီး မြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်လွင်က ကျောင်းကျန်းမာရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်နိုင်က ကျောင်းကျန်းမာရေးစစ်ဆေးချက် များအား ရှင်းလင်းပြောကြားပြီး ကျောင်းကျန်းမာရေးအဆင့်မြှင့် ကျောင်းထူးချွန်ဆုရရှိသော အထက်တန်းအဆင့်တွင် အ.ထ.က (၁)ကျောင်း၊ အလယ်တန်းအဆင့်တွင် မူလွန် ခိုဖိတ်ကျောင်းနှင့် မူလတန်းအဆင့်တွင် အ.မ.က (၄) ကျောင်းတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ထူးခွန်ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ရာ သက်ဆိုင်ရာကျောင်း ဆရာမကြီးများက လက်ခံရယူခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့် အတွင်းရေးမှူများ၊ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဆရာဆရာမများ တက်ရောက် ခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)