လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း မော်တော်ယာဉ်များ မြို့နယ်ဖြတ်ကျော်သွားလာခွင့် QR Pass များရှိ/မရှိ စစ်ဆေး ဆောင်ရွက်

လမ်းမတော် အောက်တိုဘာ ၁၄

လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း နေအိမ်ပြင်ပသို့ သွားရောက်ကြခြင်း မပြုလုပ်ကြရန် Stay at Home နေထိုင်ရေး အသိပညာပေး ဆောင်ရွက်ပြီးနောက် မော်တော်ယာဉ်များ မြို့နယ်ဖြတ်ကျော်သွားလာခွင့် QR Pass များ ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့က  လမ်းမတော်မြို့နယ် ကိုဗစ်-၁၉ ရောဂါ  ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊  ရပ်ကွက်အုပ်ချုပ်ရေးမှူတို့က  ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် အနော်ရထာလမ်းတစ်လျှောက် ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ်များအား ရပ်တန့်စေပြီး မြို့နယ် ဖြတ်ကျော်မောင်းနှင်ခွင့် QR Pass များ ရှိ/မရှိစစ်ဆေးပြီး  ကျန်းမာရေးကိစ္စ၊ စျေးဝယ်ရန် လိုအပ်သည့်ကိစ္စများ၊ အခြားအရေးကြီးကိစ္စရပ် များမှအပ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာခြင်းမပြုကြရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်ဆန်းမြင့် လမ်းမတော်(ပြန်/ဆက်)