လားရှိုးမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ခရိုင်အဆင့်ကော်မတီမှ နေရပ်ပြန်ရန် အခက်အခဲဖြစ်နေသော ပြည်သူများအား နေ့လယ်စာသွားရောက်လှူဒါန်း

လားရှိုး အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ခရိုင်အဆင့်ကော်မတီမှ ပညာရေးကောလိပ် Quarantine Center တွင် ထားရှိရာ နေရပ်ပြန်ရန် အခက်အခဲရှိနေသော ပြည်သူလူထု စုစုပေါင်း(၁၁၈)ဦးအား ယနေ့နံနက် (၁၁)နာရီအချိန် က နေ့လည်စာ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။         

အဆိုပါ နေရပ်ပြန်ပြည်သူများသည် လမ်းခရီးအခြေအနေကြောင့် မိမိသို့ဒေသသို့ပြန်ရန် အခက်အခဲများ ရှိနေပါသဖြင့် လားရှိုးမြို့ ပညာရေးကောလိပ် Quarantine Center တွင်ထားရှိကာ မိမိသို့ဒေသသို့ အမြန်ဆုံးပြန်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ခရိုင်အဆင့် ကော်မတီမှ စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး(ပြန်/ဆက်)