ဘီးလင်းမြစ်ရေ ပြန်လည်ကျဆင်းသွားသောကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ယာဉ်များအားလုံးဖြတ်သန်းသွားလာလျက်ရှိ

ဘီးလင်း သြဂုတ် ၁

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းပြီး မြစ်ရေလျှံတက်လာမှုကြောင့် သြဂုတ် ၉ ရက်နေ့နံနက်ပိုင်းမှ စတင်ကာ မော်တော်ယာဥ်များ ဖြတ်သန်း သွားလာမှုကို ယာယီပိတ်ထားခဲ့ရာ ယနေ့တွင် ရေများပြန်လည် ကျဆင်းသွားပြီဖြစ်သည့်အတွက် မော်တော်ယာဥ်များကို ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း သိရသည်။

ထိုသို့ ဖြတ်သန်းခွင့်ပြုနိုင်ရေးအတွက်  လမ်းဦးစီးဌာနမှ တံတားများ ကြံ့ခိုင်မှုစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပြီး ယာဥ်အန္တရာယ်ကင်းရှင်း စေရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့ စခန်းမှူး ရဲမှူးစိုးမိုးရှိန်နှင့်တပ်ဖွဲ့ဝင်များ ယာဥ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ယာဉ်လမ်းကြောင်းရှင်း ပေးခြင်းဖြင့် ယာဉ်များအားလုံးဖြတ် သန်းသွားလာခွင့် ပြုခဲ့ကြောင်း သိရသည်။                         

မြို့နယ်(ပြန်/ဆက်)