ရွှေပြည်သာမြို့နယ်တွင် အစာစပ်စက်ရုံအား   Quarantine  Centre  အဖြစ်ထပ်မံတိုးချဲ့ဖွင့်လှစ်ထား

ရွှေ ပြည်သာ    အောက်တိုဘာ     ၁၄

ရန်ကုန်‌‌‌မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင်    ကိုဗစ်-၁၉ ကူးစက်မှု မပျံ့ပွားစေရန်နှင့်  ကာကွယ် ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ပိုးတွေ့လူနာများနှင့် စပ်ဆက်ထိတွေ့သူများအား  သီးခြားနေထိုင်နိုင်စေရန် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများရှိ အခြေခံကျောင်းများ၊ စက်ရုံများ၊ ရဲအကြပ်အတတ်သင်ကျောင်း  Quarantine Centre များတွင်ထားရှိပြီး ကျန်းမာရေးနှင့် အညီစောင့်ရှောက်ပေးလျက်ရှိရာ ကျောင်းကုန်းကျေးရွာရှိ အစာစပ်စက်ရုံအား   Quarantine  Centre  အဖြစ်  အောက်တိုဘာ ၁၃  ရက်နေ့တွင် ထပ်မံဖွင့်လှစ် ခဲ့ကြောင်း  သိရသည်။

ထိုသို့  ဖွင့်လှစ်ရာ  အောက်တိုဘာ ၁၄    ရက်‌နေ့တွင် Quarantine  ဝင်ရောက်သူ   (၁၁၉)    ဦးရှိပြီး Quarantine  Centre  ဖွင့်လှစ်သည့် အစာစပ်စက်ရုံရှိ  Quarantine   ဝင်ရောက်သူများအား အလှူရှင်များက

 ကြက်ဥများ ၊အဆာပြေမုန့်များကို လာရောက်  လှူဒါန်းကြ ကြောင်းသိရသည်။ ‌ရွှေပြည်သာ မြို့နယ်တွင် Quarantine  Centre   ပေါင်း (၂၉)ခုရှိရာ  Quarantine ဝင်ရောက်သူပေါင်း (၁၄၉၅)  ဦးရှိပြီး ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ပိုး‌တွေ့ ရှိသူ  အတည်ပြုလူနာပေါင်း (၇၅၈)  ဦးရှိကြောင်းသိရသည်။

 အေးအေးမိုး     (ပြန်/ဆက်)