ပျော်ဘွယ်မြို့နယ် အမျိုးသမီးကော်မတီမှ ပရဟိတကျောင်း(၂)ကျောင်းရှိ ကလေးငယ်များအား အာဟာရနို့တိုက်ကျွေး

ပျော်ဘွယ် အောက်တိုဘာ ၁၄

မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ၏ ကြီးကြပ်မှုဖြင့် ပျော်ဘွယ်မြို့နယ် အမျိုးသမီး ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များသည် ပျော်ဘွယ်မြို့နယ်အတွင်းရှိ ပရဟိတကျောင်း (၂) ကျောင်းတို့တွင် အသက်(၁၀)နှစ်အောက် ကိုရင်ငယ်များနှင့် သီလရှင်ဆရာလေးများ၊ ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာလအတွင်း အာဟာရရှိစေရေးအတွက် နို့တိုက်ကျွေးခြင်းကို ယမန်နေ့မွန်းလွဲ(၂) နာရီခွဲအ ချိန်က အဆိုပါကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးသိန်းထွန်းက ကိုဗစ်-၁၉ ရောဂါကာလအတွင်း မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီအနေဖြင့် ကလေးငယ်များအား အာဟာရ ဖြစ်စေရန်ရည်ရွယ်၍ နို့တိုက်ကျွေးခြင်းနှင့် ပတ်သက်သည်များကို သက်ဆိုင်ရာ ဆရာတော်များထံ ရှင်းလင်းလျှောက်ထားပြီး သစ်ပန်းကန်ပင် ပရဟိကျောင်းရှိ ကလေးငယ်(၆၀)ဦး၊ သူဌေးကုန်းကျေးရွာ၊ အောင်ချမ်းသာပရိဟိတကျောင်းမှ ကလေးငယ်(၂၆)ဦး၊ စုစုပေါင်း(၈၆)ဦး တို့အား နို့ဗူးများတိုက်ကျွေးခဲ့ကြပြီး မြို့နယ်အမျိုးသမီးကော်မတီ အနေဖြင့်လည်း ပဲနို့ အချိုရည်ဘူးများကိုလည်း ဝေငှခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)