၂၀၂၃ ခုနှစ်အတွက် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လူထုလှုပ်ရှားမှု အခမ်းအနား ရမ်းဗြဲပြည်သူ့ဆေးရုံ၌ ပြုလုပ်

ရမ်းဗြဲ    ဩဂုတ်  ၁၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်အတွက် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လူထုလှုပ်ရှားမှု အခမ်းအနားကို ယနေ့နေ့လယ်(၂) နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက အဖွင့်အမှာစကားပြောကြားသည်။ ၎င်းနောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခိုင်ထွန်းက အာဟာရဖွံ့ဖြိုးရေး အရေးပါပုံများကို ရှင်းလင်းပြောကြားပြီး သူနာပြု ဦးစီးအရာရှိ မာမီဒေါ်ခင်ထွေးက အာဟာရရက်သတ္တပတ် လှုပ်ရှားမှုအကြောင်းကို အသေးစိတ် ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အကြီးအကဲများက စံပြဆုများ ရရှိကြသည့် ကလေးများအား ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများက ဝိုင်းဝန်းကူညီကာ  အသက် (၆) လမှ (၅)နှစ်အတွင်းရှိ ကလေးငယ်များအား Vitamin A တိုက်ကျွေးခြင်း၊ အသက် (၂)နှစ်မှ (၅)နှစ်အတွင်းရှိ ကလေးငယ်များအား သံချဆေးတိုက်ကျွေးခြင်းနှင့် အာဟာရလက်ဆောင်များကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အောင်တင်ကြည်(ပြန်/ဆက်)