သိန္နီမြို့၌ သက်ဆိုင်ရာဌာန ထောက်ခံချက်မရှိသော အချိုရည်အမျိုးမျိုးနှင့် ကလေးအာဟာရဖော်စပ် ဖြည့်စွက်စာများ ဖြန့်ဖြူးရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

သိန္နီ    သြဂုတ်  ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် သက်ဆိုင်ရာဌာန ထောက်ခံချက်မရှိသော အချိုရည်အမျိုးမျိုးနှင့် ကလေးအာဟာရဖြည့်စွက်စာများ ဖြန့်ဖြူးရောင်းချမှု မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများကို ယနေ့နံနက် ၈ နာရီအချိန်က မြို့မဈေးနှင့်ဈေးတန်းရပ်များတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင်မြန်မာစာ ကုန်ညွှန်းအမှတ်အသားပါရှိမှု၊ ကျန်းမာရေး ထောက်ခံချက်ပါရှိမှု၊ ထုတ်လုပ်မှုလိုင်စင်အမှတ်ပါရှိမှု၊ FDA လက်မှတ်ပါရှိမှု အခြေအနေ  စစ်ဆေးခြင်းများကို သိန္နီမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ၊မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းခြင်းဖြစ်သည်။ ထိုကဲ့သို့ ကွင်းဆင်းစစ်ဆေးရခြင်းမှာ စားသောက်ကုန်များ အန္တရာယ် ကင်းရှင်းစေရေးနှင့် ပြည်သူများ စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေရေးတို့အတွက် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)