နေပြည်တော်ဘူတာကြီးရှိ နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များပြသ

ဥတ္တရသီရိ အောက်တိုဘာ ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့၊ နေပြည်တော်ဘူတာကြီးရှိ  နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးစာစောင်များနှင့် လူမှုမီဒီယာနှင့် သတင်းအချက် အလက် ဆိုင်ရာ အသိပညာပေးရုပ်ပုံများ၊ စာစောင်များကို ယမန်နေ့မွန်းလွဲပိုင်းကစ၍ ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် လိုက်နာရမည်နည်းလမ်းများ၊ မိမိကစ၍ ကာကွယ်ရေးနည်းလမ်းများ၊  လူမှုမီဒီယာနှင့် သတင်းအချက်အလက် သိရှိနားလည်မှုရှိ သော မိဘအုပ်ထိန်းမှု အတတ်ပညာနှင့် လုပ်ကြံသတင်းများ၊ ကျန်းမာရေးဆိုင်ရာ နည်းလမ်းများ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာ၌ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ သတင်းခွဲခြမ်းစိတ်ဖြာပုံနှင့် ထင်မြင်ယူဆချက်များ အသိပညာပေးရုပ်ပုံများ၊ စာစောင်များကို ပြည်သူများ ပိုမိုသိရှိနိုင်စေရန် ရည်ရွယ်၍ ပြသထားကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)