ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဓါတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲ မိုင်းရယ်တွင် ကျင်းပ

မိုင်းရယ် ဩဂုတ် ၁၁

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုးစပါးပန်းတိုက်အထွက်နှုန်းရရှိရေးအတွက် ဓါတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ်တွင် မိုင်းရယ်မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးတွင် ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ အဖွဲ့ဉက္ကဋ္ဌ ဦးစိုးမင်းအောင်က တက်ရောက်လာကြသည့် တောင်သူများအား ပန်းတိုင်အထွက်နှုန်းရရှိရေး၏ ဆိုလိုရင်းနှင့် အထွက်နှုန်းကောင်းမွန်စေမည့် နည်းလမ်းကောင်းများ၊ အလေးထားဆောင်ရွက်ရမည့်အချက်များနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်လည်း စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်က ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့်သွင်းအားစုများ အသုံးပြု၍ အထွက်နှုန်းပိုမိုတိုးတက်စေရန်နှင့် မိုးစပါးအထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုးရေးနည်းပညာများကို ရှင်းလင်းမျှဝေပေးခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာအုပ်စု ၃ အုပ်စုမှ မိုးစပါးမျိုးစေ့ထုတ် ၁၅ ဧက၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ၁၀ ဧကအတွက် ဓါတ်မြေဩဇာ ၂၅ အိတ်ကို တောင်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုင်းရယ်(ပြန်/ဆက်)