တိုက်ကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်များလဲပြိုမှု ဖြစ်ပွား      

တိုက်ကြီး သြဂုတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်း သြဂုတ်လ ၉ ရက်နေ့ ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်များလဲပြိုမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တိုက်ကြီးမြို့နယ်အတွင်းရှိ ဗောဓိကုန်း ရပ်ကွက်၊ ရန်ကုန်-ပြည် လမ်းမပေါ်တွင် လုံးပတ် ၂ ပေခွဲခန့် အမြင့် ၄၀ ပေခန့်ရှိ ကျွန်းပင် ၂ ပင် လဲပြိုခြင်းကြောင့် လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ရာ တိုက်ကြီးမြို့နယ် မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးဇော်ချစ်ထက် ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၈)ဦး၊ မီးငြိမ်းသတ်ယာဥ် ၁ စီးနှင့်အတူ သွားရောက်ခုတ်ထွင် ဖယ်ရှားရှင်းလင်းသည်။

အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှု​၍ သစ်ပင်များလဲပြိုမှုဖြစ်စဥ်ကြောင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း သိရသည်။           

စန်းကလျာခိုင် (ပြန်/ဆက်)