မုဒုံမြို့တွင် စားသောက်ကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်း စစ်ဆေး

မုဒုံ သြဂုတ် ၁၁

မွန်ပြည်နယ်မုဒုံမြို့နယ်ရှိ ဈေးကွက်အတွင်း ရောင်းချနေသည့် စားသောက်ကုန်ပစ္စည်းများ စစ်ဆေးခြင်းကို ဩဂုတ်လ ၉ ရက်နေ့၌ မြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံဆိုင်များ၌ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်  ပြည်သူများအနေဖြင့် နေ့စဥ်အသုံးပြုနေသည့် စားသောက်ကုန်ပစ္စည်းများ ဘေးအန္တရာယ်ဖြစ်ပွားမှု မရှိစေရန်အတွက် မွန်ပြည်နယ် စားသုံးရေးရာဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးလွင်၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများ ပူးပေါင်းကာ အချိုရည်များနှင့် စားသောက်ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ /မရှိ စစ်ဆေးခြင်း၊ ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးပြောကြားခြင်းနှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)