မင်းပြား သြဂုတ် ၁၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၊ ခမောင်းတောကျေးရွာတွင် ငါးလုပ်ငန်းဦးစီးဌာနက ငါးသယံဇာတထိန်းသိမ်းခြင်းအတွက် မျိုးဆက်လူငယ်များအား အသိပညာပေးဟောပြောပွဲကို ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ သြဂုတ်လ ၉ ရက်နေ့ နေ့လယ်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မင်းပြားမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးထင်ကျော်က မျိုးဆက်သစ်လူငယ်များအနေဖြင့် ငါးသယံဇာတထိန်းသိမ်းခြင်းအတွက် အကျိုးသက်ရောက်မှုများ၊ ငါးသယံဇာတရေရှည်ထုတ်ယူသုံးစွဲနိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ငါးမျိုးဆက်များ မျိုးတုန်းပျောက်ကွယ်မသွားရေး ထိန်းသိမ်းရမည် စသည့်အချက်များကို အသိပညာပေး ဟောပြောသည်။
ဆက်လက်ပြီး တက်ရောက်လာသည့် မျိုးဆက်သစ်လူငယ်များက ငါးလုပ်ငန်းနှင့်ပတ်သတ်ပြီး သိရှိလိုသည်များကို မေးမြန်းကြရာ မင်းပြားမြို့နယ် ငါးလုပ်ငန်းဦးစီးမှုးက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
သောင်းရွှေ (ပြန်/ဆက်)