လားရှိုးမြို့တွင် တရုတ်နိုင်ငံမှ တင်သွင်းလာသည့် မက်မွန်သီးများ ဈေးကွက်တွင် ရောင်းအားကောင်း

လားရှိုး ဩဂုတ် ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မြို့မဈေးကြီးအတွင်းတွင် တရုတ်နိုင်ငံမှဝယ်ယူသည့် မက်မွန်သီးများများကို ရောင်းချလျက်ရှိရာ  ဈေးကွက်တွင် ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံမှ တင်သွင်းလာသည့် မက်မွန်သီးများကို လားရှိုးတွင် တစ်လုံးလျှင် တစ်ထောင့်ငါးရာကျပ်မှ နှစ်ထောင်ကျပ်ထိ ဈေးပေးဝယ်ရကြောင်း သိရသည်။

တရုတ်ပြည်ထုတ် မက်မွန်သီးများသည် မြန်မာနိုင်ငံတွင် စိုက်ပျိုးသည့် မက်မွန်သီးများထက် အလုံးကြီးပြီး အရသာမှာ ချိုချဉ်သည့် အရသာရှိကြောင်း သိရသည်။

“မက်မွန်သီးကတော့ တရုတ်ပြည်မှာ စိုက်ပျိုးတဲ့အသီးတွေပေါ့။ ကျွန်မတို့က သစ်သီးဒိုင်တွေမှာ ဝယ်ပြီးရောင်းတယ်။ အရင်တုန်းကဆို ဒီလိုအသီးက တစ်လုံးရှစ်ရာလောက်ပဲ။ အခုက တစ်လုံးကို တစ်ထောင့်ငါးရာလောက်ရောင်းမှ အမြတ်နည်းနည်းကျန်တာ။ အလုံးအရမ်းလှရင်နှစ်ထောင် လောက်ရောင်းရတယ်။  ” ဟု မက်မွန်သီးရောင်းချသူတစ်ဦးကဆိုသည်။

လားရှိုးမြို့တွင် တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ပန်းသီး၊ မက်မွန်သီး၊ သခွားသီး၊ မက္ကဒေးမီးယား၊ နေကြာစေ့၊ တရုတ်ပဲကြီကြော် စသဖြင့် ရောင်းချကြကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)