ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်သူများ လက်ဝယ်အရောက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ပျဉ်းမနား ဩဂုတ် ၉

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများ အရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ အမှတ် ၁၂ အခြေခံပညာ အထက်တန်းကျောင်းနှင့် ပုဗ္ဗသီရိမြို့နယ်၊ အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်ငှားရမ်းပေးကြသည်။

စာအုပ်ငှားရမ်းဖတ်ရှုသူများ အဆင်ပြေစေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်၌ သုတ/ရသစာအုပ်မျိုးစုံ (၂၃၀၀)ကျော်စီစဉ်ထားရှိပြီး စာအုပ်အသစ်များကိုလည်း စဉ်ဆက်မပြတ် လဲလှယ်ဖြည့်ဆည်းပေးလျက်ရှိကြောင်းနှင့် ယခုငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တပတ် တစ်ပတ်ပြည့်လျှင် ပြန်လည်အပ်နှံကာ စာအုပ်အသစ်များကို ထပ်မံငှားရမ်းပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများ စာပေအလွယ်တကူ ဖတ်ရှုနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်လည်း မည်သူမဆိုအခမဲ့ လာ‌ရောက်ငှားရမ်း ဖတ်ရှုနိုင်ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)