တပ်ကုန်းမြို့နယ် အခြေခံပညာကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

တပ်ကုန်း ဩဂုတ် ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတပိုမိုဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက နွယ်ရစ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၊ ကျောင်းရှေ့တွင် ကျင်းပသည်။

အဆိုပါဟောပြောပွဲတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က လူငယ်များအတွေးအခေါ်မြင့်မားစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်၊ အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ရဲအုပ်ဟန်ဇော်က လူကုန်ကူးမှုနှင့်လူမှောင်ခိုကူးမှု ခေါင်းစဉ်ဖြင့် ရှင်းလင်းဟောပြောခဲ့ပြီးနောက် နွနယ်ရစ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်မိုးမိုးအေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ရဲအုပ်နှင့်တပ်ဖွဲ့ဝင်တို့က “လူသည်ရောင်းကုန်မဟုတ်ပါ” လက်ကမ်းစာစောင် ဖြန့်ဝေပေးခဲ့ပြီးနောက် လူငယ်ရေးရာ စာအုပ်ပြပွဲနှင့်မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ရာ  ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

တင်စိုးလွင်