ချောင်းဆုံ ဩဂုတ် ၉
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ပြည်သူများ နေ့စဉ်အသုံးပြုနေသည့် စားသောက်ကုန်ပစ္စည်းများကြောင့် ဘေးအန္တရာယ်ဖြစ်ပွားမှု မရှိစေရေးအတွက် စျေးကွက်အတွင်း ရောင်းချနေသည့် စားသောက်ကုန်ပစ္စည်းများ စစ်ဆေးခြင်းကို ဩဂုတ်လ နံနက်(၉း၃၀)နာရီက မြို့ပေါ်ရပ်ကွက် ဈေးများနှင့်ကုန်စုံဆိုင်များသို့ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများမှ ပူးပေါင်းကာ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ယင်းသို့ ကွင်းဆင်းစစ်ဆေးခြင်းကို မော်လမြိုင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မော်လမြိုင်ခရိုင် (FDA) မှ တာဝန်ရှိသူများနှင့် မြို့နယ်အဆင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ အချိုရည်များနှင့် စားသောက်ကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် ပြည်သူများအား စားသုံးသူကာကွယ်ရေး ဆိုင်ရာအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ချောင်းဆုံ(ပြန်/ဆက်)