မိုင်းခတ်မြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဓာတ်မြေဩဇာများထောက်ပံ့ပေးအပ်

မိုင်းခတ် ဩဂုတ် ၁၀

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိ‌ရေးနှင့် မိုးစပါးမျိုး‌စေ့ထုတ်စိုက်ခင်းများအတွက် ဓာတ်မြေဩဇာထောက်ပံ့‌ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

ဦးစွာမိုင်းခတ်မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦစီးဌာန၊ ဦးစီးမှူးဦးယုမောင်က ဓာတ်မြေဩဇာအခမဲ့ထောက်ပံ့ခြင်းနှင့် မြေဩဇာများအကျိုးရှိစွာသုံးစွဲနည်းများအကြောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ကျေးရွာများမှတောင်သူများအား တာဝန်ရှိသူများက ဓာတ်မြေဩဇာများပေးအပ်ရာ‌တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

အဆိုပါဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ရာတွင် မိုင်းခတ်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်(၂)ခုနှင့် ဝမ်ခုတ်ကျေးရွာအုပ်စု၊ ပါပွန်းကျေးရွာအုပ်စု၊ ဝမ်ပင်းကျေးရွာအုပ်စုများမှ တောင်သူ(၇၃)ဦးအား ဓာတ်မြေဩဇာအိတ်(၈၅)အိတ်တို့ကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ကျန်ရှိသောကျေးရွာအုပ်စုများကိုလည်း ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)