ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ မုတ်သုံလေဝင်ရောက်မှုကြောင့် လေဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်

ရသေ့တောင်  သြဂုတ် ၁၀

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် ပြည်သူများအနေဖြင့် အားကောင်းသော မုတ်သုံလေဝင်ရောက်မှုကြောင့် လေဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန်အတွက် အသိပညာပေး​လုပ်ငန်းများဆောင်ရွက်ခြင်းကို သြဂုတ် ၈ ရက်နေ့ နေ့လယ်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ကမ်းနီးကမ်းဝေးရေကြောင်း ခရီးသွားပြည်သူများအား ဆိပ်ကမ်းများသို့ သွားရောက်လိုက်လံ အသိပေး ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်စခန်းမှ တပ်ကြပ်ကြီးအောင်မြတ်လင်းနှင့် တပ်ဖွဲ့ဝင်များက မုတ်သုံလေဝင်ရောက်မှုကြောင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်သဖြင့် ကြိုတင်သတိပြု ကာကွယ်နိုင်စေရန်နှင့် အသက်အန္တရာယ်ဆုံးရှုံးမှုများ လျော့ချနိုင်စေရန် အများပြည်သူများအနေဖြင့် ကြိုတင်ကာကွယ်သင့်သည့် လုပ်ငန်းများ၊ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများ၊ သတိပြုရှောင်ရှားသင့်သည့် အပြုအမူများကို သိရှိစေရန်အတွက် ခရီးသွားပြည်သူများအား Life Jacket ဝတ်ဆင်တတ်စေရေး မီးသတ်တပ်ဖွဲ့ဝင်များက သရုပ်ပြ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ရသေ့တောင်(ပြန်/ဆက်)