သိန္နီမြို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူ(Book Club) အသင်းဝင်များမှ စာရေးဆရာမြင်းခြံ ကျော်အောင်(ခ)သန်းထက်စံ ရေးသားထားသော ကြီးပွားအောင်မြင် အောင်ပန်းကိုဆင် စာအုပ်အားစာဖတ်ဝိုင်းပြုလုပ်

သိန္နီ    သြဂုတ်  ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့ (Community Centre) ခန်းမတွင် စာအုပ် စာစောင်ချစ်မြတ်နိုးသူ အသင်းဝင်များမှ စာရေးဆရာ မြင်းခြံကျော်အောင်(ခ) သန်းထက်စံ၏ ကြီးပွားအောင်မြင်အောင်ပန်းကိုဆင်စာအုပ်ဖြင့် ယမန်နေ့နေ့လယ်ပိုင်းအချိန်က စာဖတ်ဝိုင်းပြု လုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်း၌  (Book Club)  အဖွဲ့ဝင်မှ ဆွေးနွေးရာတွင် ကြီးပွားချမ်းသာချင်စိတ် မွေးထားစေရန်၊ ကျန်းမာကြံ့ခိုင်အောင် နေထိုင်စေရန်၊ မိမိဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းကို အနည်းဆုံး စုဆောင်းစေရန်၊ အချိန်ကိုမိတ်ဆွေဖွဲ့ပြီး ကျန်းမာရေး၊ စီးပွားရေး၊ တိုးတက်ရေးများ နေ့စဥ်လုပ် ဆောင်စေရန်   အသက်ကြီးပြီဖြစ်သော်လည်း ရှေ့ဆက်ပြီးဘဝကို ဝီရိယနှင့်ချီတက်နိုင်စေရန်၊ လူသေသွားသော်လည်း နာမည်ကျန်ရစ်ခဲ့သောလူများဖြစ်စေရန်၊ အင်္ဂလိပ်စာကိုဇွဲရှိရှိနှင့် ကြိုးစား သင်ယူ စေရန်စသည့် အကြောင်းအရာများကို စာပေချစ်မြတ်နိုးသူများက အပြန်အလှန် ဆွေးနွေး ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)