ကွမ်းခြံကုန်း သြဂုတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ တိုင်းရင်းဆေးဝါဆေးဆိုင်များအား ယမန်နေ့က စျေးကွက်စစ်တမ်းကောက်ယူ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ဆေးရာတွင် ဒိဌအမှတ်တံဆိပ်ဆီးချိုရောဂါ သောက်ဆေးအမှတ်(၁)၊ ဆီးချိုရောဂါသောက်ဆေးအမှတ်(၂)နှင့် လိပ်သုံးကောင်အမှတ်တံဆိပ်၊ အကြောသန်လိမ်ဆေးအဆီအား ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ရောင်းချမှု ရှိ/မရှိ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ၊ ရောင်းချမှုမရှိကြောင်း သိရသည်။
အဆိုပါ စစ်ဆေးမှုများကို ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးဦးစီးဌာန၊ တိုင်းရင်းဆေးမှူးဒေါ်ဝေဝေနိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ ပူးပေါင်း၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေနွယ်(IPRD)