ပင်လောင်း ဩဂုတ် ၉
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးအဖွဲ့မှ မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိနိုင်ရေးအတွက် ယူရီးယား ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်က အမှာစကား ပြောကြားခြင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ကျော်နိုင်က မိုးစပါး ပန်းတိုင်အထွက်နှုန်း ရရှိနိုင်ရေးအတွက် ယူရီးယားဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မိုးစပါးစိုက်ပျိုးရေးတောင်သူများထံ ယူရီးယားဓာတ်မြေဩဇာ ပေးအပ်ခဲ့ကြသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဆွေဆွေမာက တက်ရောက်လာကြသည့် တောင်သူ(၃၀)ဦးအား မိုးစပါး ပန်းတိုင်အထွက်နှုန်း ရရှိနိုင်ရေး ဓာတ်မြေဩဇာသုံးစွဲမှုနှင့် စိုက်ပျိုးစနစ် မှန်ကန်မှု ရှိစေရေး နည်းပညာပေးသင်တန်းများ ဆက်လက်သင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)