မိုင်းယန်းမြို့နယ်၌ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း အသိပညာပေး လက်တွေ့သရုပ်ပြ စိုက်ပျိုး

မိုင်းယန်း ဩဂုတ် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသခံပြည်သူများ မွေးမြူရေးဆိုင်ရာ လုပ်ငန်းများအတွက် အသိပညာပေး တိရစ္ဆာန်အစာပင် လက်တွေ့စိုက်ပျိုး သရုပ်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ရုံးဝန်းအတွင်း၌ ပြုလုပ်ကြောင်း သိရသည်။

ထိုသို့ လက်တွေ့စိုက်ပျိုးသရုပ်ပြရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာ စိုင်းကျောက်ငင်းမှ ဒေသံတိုင်းရင်းသား တောင်သူများအား တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း အလေ့အထ ကောင်းများ ရရှိလာနိုင်စေရန် ရည်ရွယ်၍ အသိပညာပေးခြင်းနှင့် (နေဗီယာ)မြတ်အမျိုးအစား၊ (၀.၃ဧက) တွင် စိုက်ပျိုးငုတ် စုစုပေါင်း(၂၅၀)ချောင်းတို့အား စနစ်တကျစိုက်ပျိုးပုံအဆင့်ဆင့်ကို လက်တွေ့ သရုပ်ပြသခဲ့ကြကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

ထွန်းထွန်းထူး