လားရှိုးမြို့တွင် နယ်မြေလုံခြုံရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်

လားရှိုး ဩဂုတ် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် နယ်မြေဒေသလုံခြုံရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း လုပ်ငန်းများအတွက် မြို့တွင်းတွင် သွားလာနေသော ယာဉ်များအား သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးခြင်းများကို ယနေ့နံနက် ၉နာရီအချိန်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်ရာသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လားရှိုးမြို့နယ် ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လားရှိုးမြို့ ၊မြို့တော်ခန်းမအနီးတွင် ဆောင်ရွက်လျက်ရှိပြီး ဆိုင်ကယ်ဦးထုပ် မဆောင်းသူများ၊ သတ်မှတ်လူဦးရေထက် ပိုမိုတင်ဆောင်သူများ၊ ဘက်မှန်မတပ်ပဲ ဆိုင်ကယ်စီးနင်းသူများ၊ အသံကျယ်အိပ်ဇောတပ်ဆင်၍ စီးနင်းသူများ၊ မော်တော်ယာဉ် မောင်းများအား ယာဉ်မောင်းလိုင်စင်မရှိပဲ မောင်းနှင်သူများ၊ ခါးပတ်မပတ်သူများနှင့် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းနှင့်ကိုက်ညီမှုမရှိပဲ မောင်းနှင်သည့် ယာဉ်မောင်းများကို  တာဝန်ရှိသူများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်များနှင့် ပတ်သက်၍ အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)