သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခြေခံကွန်ပျူတာသင်တန်း အပတ်စဉ် (၃/၂၀၂၃) ဖွင့်လှစ်

သံတွဲ ဩဂုတ် ၉

သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံကွန်ပျူတာသင်တန်း အပတ်စဉ် (၃/၂၀၂၃)ကို ဩဂုတ်လ ၇ ရက်နေ့နံနက် ၁၀ နာရီမှ စတင်ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။

သံတွဲမြို့နယ်အတွင်းရှိ အခြေခံပညာတက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသည့် ကျောင်းသား/သူများ ကွန်ပျူတာအခြေခံကို တတ်မြောက်ပြီး လုပ်ငန်းခွင်ဝင်ရောက်ရာတွင် အဆင်ပြေစေရေးတို့အတွက်  ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်သည်။

အဆိုပါသင်တန်းကို တစ်ပတ်လျှင် ၆ ရက် နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ  ၁ လကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။ သင်တန်းတွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၃ ဦး တက်ရောက်လျှက် သင်တန်းနည်းပြဆရာ ဦးညီနိုင်ထက်က အခမဲ့သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)