အနာဂတ် ပြင်ဦးလွင်မြို့တော် ဆွေးနွေးပွဲကျင်းပ

ပြင်ဦးလွင် ဩဂုတ် ၉  

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ အနာဂတ်ပြင်ဦးလွင်မြို့တော်ဆွေးနွေးပွဲကို  ယမန်နေ့နံနက် ၉ နာရီက  အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာဝတီခန်းမဆောင်၌ ကျင်းပပြုလုပ်ရာတာဝန်ရှိသူများ၊  ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

အဆိုပါ   ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကျော်ကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး အ.ထ.က (၁) ကျောင်းသား၊ကျောင်းသူများ၊ အ.ထ.က (၂) ကျောင်းသား/ကျောင်းသူများ၊ အ.ထ.က (၄)ကျောင်းသား/ကျောင်းသူများနှင့် အ.ထ.က (ခွဲ) အ.လ.က (၁) ကျောင်းသား/ကျောင်းသူများမှ ပြင်ဦးလွင်မြို့၏သမိုင်းအကြောင်း၊  အထင်ကရနေရာများ၊ပညာရေး၊ ကျန်းမာရေး၊ ရှေးဟောင်းအဆောက်အအုံ၊  စီးပွား‌ရေး၊ ဘာသာရေး၊  လမ်းပန်းဆက်သွယ်ရေး၊စိမ်းလန်းစိုပြည်ရေး၊   သန့်ရှင်းသာယာလှပရေးနှင့်  ရေးစီးရေလာကောင်းမွန်ရေး စသည့်ဆွေးနွေးမှုများ  အသီးသီး ဆွေးနွေးတင်ပြခဲ့ကြသည်။ 

အဆိုပါ  အနာဂတ်ပြင်ဦးလွင်မြို့တော် ဆွေးနွေးပွဲတွင် ကျောင်းသား/ကျောင်းသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများနှင့်  စာရေးဆရာ ဦးကျော်ကျော်လှိုင်တို့မှ အသီးသီး ပါဝင်ဆွေးနွေးခဲ့ကြ၍    ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကျော်ကျော်ထွန်းက  နိဂုံးချုပ်စကားပြောကြားခဲ့ပြီး  ကျောင်းသား/ကျောင်းသူများအား အလှူငွေများပေးအပ်ခဲ့ပါကြောင်း တာဝန်ရှိသူတစ်ဉီး၏ ပြောကြားချက်အရ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)