ခိုလမ်မြို့၊ အခြေခံပညာအလယ်တန်း(ခွဲ) ဟိုင်းလိုက်ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ခိုလမ် ဩဂုတ် ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာအလယ်တန်း(ခွဲ) ဟိုင်းလိုက်ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် ၁၀နာရီအချိန်က အဆိုပါ‌ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးမှူး ဒေါ်ဖြူဖြူသော်က "အရွယ်မရောက်သေးသော ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းခြင်း" ခေါင်းစဉ်ဖြင့် ကမ္ဘာ့နိုင်ငံအသီးသီး၏ အသက်ပြည့်ပြီးသူများနှင့် အသက်မပြည့်သေးသူများအပေါ် ပြဋ္ဌာန်းထားသော ‌ဥပဒေများအကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသော မြန်မာ့လူငယ်များ၏အကြောင်းများ၊ မြန်မာနိုင်ငံတွင် ပြဌာန်းထားသော ကလေးသူငယ်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ စသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခိုလမ်မြို့၊ နယ်မြေရဲစခန်း ၊စခန်းမှူး ရဲအုပ်သန်းထွဠ်ဝင်းက လူကုန်ကူးမှု၏ အဓိပ္ပာယ်များ၊ လူကုန်ကူးခံရသူများတွင် လူကြီး၊ လူငယ်၊ အမျိုးဘာသာမရွေး ဖြစ်နိုင်ကြောင်း၊ လူကုန်ကူးသူများမှာလည်း မိမိတို့၏ မိဘ၊ ဆွေးမျိုးသားချင်း စသည်ဖြင့် အမျိုးမျိုး ဖြစ်နိုင်ကြောင်း ဟောပြောခဲ့ပြီး ယဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး အကြောင်းအရာများကိုလည်း ကျောင်းသား/ကျောင်းသူများ သိရှိစေနိုင်ရန် ဟောပြောပေးခဲ့သည်။

နေလင်းထွန်း(ပြန်/ဆက်)