မြေပုံမြို့နယ်၌ ဒေါက်တာဇော်ညိမ်း ဦးဆောင်သော ကွင်းဆင်း တီဘီလူနာ ရှာ‌ဖွေခြင်းနှင့် တီဘီရောဂါ ဆေးကုသခြင်း ဆောင်ရွက်

မြေပုံ၊ ဩဂုတ်  ၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ဒေါက်တာဇော်ညိမ်း ဦးဆောင်သော ကွင်းဆင်း တီဘီလူနာ ရှာဖွေခြင်းနှင့် တီဘီရောဂါဆေးကုသခြင်းကို ယမန်နေ့နံနက် (၈)နာရီအချိန်က မြို့နယ်ပြည်သူ့ ဆေးရုံ အစည်းအဝေးခမ်းမ၌ပြုလုပ်သည်။

လေဘေးသင့်ပြည်သူများသို့ နယ်လှည့်ကွင်းဆင်း တီဘီလူနာရှာဖွေခြင်းနှင့် တီဘီရောဂါ ဆေးကုသခြင်းဆောင်ရွက်ရာ၌ ဒေါက်တာဇော်ညိမ်းဦးဆောင်၍ ဒေါ်အေးအိအိသော် (S/N)၊ ဦးဇင်ဝင်းနိုင် (X-ray Technician)၊ ဦးမင်းကို (X-ray Technician) တို့အဖွဲ့သည် ပြည်သူများအား (အခမဲ့)တီဘီရောဂါ ရှိ/မရှိ စစ်ဆေးခြင်းနှင့် တီဘီရောဂါပိုးတွေ့ရှိသူများအား တီဘီဆေးကုသပေးခြင်းတို့ ဆောင်ရွက်လျက် ရှိကြောင်းသိရှိရသည်။

တင်ဝင်း