ဆဒုံး ဩဂုတ် ၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ ယာယီနေရပ်စွန့်ခွာလာသည့် အိမ်ထောင်စု (၁၆) စုအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ဆဒုံးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်၊၊
အခမ်းအနားတွင် ဆဒုံးမြို့အုပ်ချုပ်ရေးမှူး ဦးဂွမ်ဂျာနော်က အဖွင့်အမှာစကားပြောကြားပြီး ပြောင်းရွှေ့အိမ်ထောင်စုများအား အိမ်ထောင်စု (၁) စုလျှင် ငွေကျပ် (၈၇,၀၀ဝိ/-) ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၁၆) စုအတွက် ငွေကျပ် (၁,၃၉၂,၀၀ဝိ/-) ကျပ်အား ဆဒုံးမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများတာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများ၊ စစ်ဘေးရှောင်ပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်၊၊
ခင်မာဝင်း(ဆဒုံး)