ချောင်းဆုံမြို့နယ်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ချောင်းဆုံ      ဩဂုတ်  

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မော်လမြိုင်ခရိုင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုအမှတ် (၉) နှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ချောင်းဆုံ (အ--က) ကျောင်းသီရိရတနာ ခန်းမတွင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်(ပြန်/ဆက်) ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိသူဇာကအသိပညာပေး ဟောပြောပွဲများ ပြုလုပ်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူး များကို ပြောကြားကာ မော်လမြိုင်ခရိုင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု  အမှတ် (၉) မှ ရဲအုပ် အောင်ကျော်သူနှင့် ဒုရဲအုပ်ချစ်ဖူးပွင့်ဝေတို့မှ လူကုန်ကူးမှု  တားဆီးကာကွယ်နိုင်ရေးအတွက် သိထားရမည်အချက်များ ကြိုတင်ကာကွယ်ရမည့်အချက်များအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် တက်ရောက်လာသူ ကျောင်းသား/သူများမှ သိရှိလိုသည့်အချက်များကို ပြန်လည် ဖြေကြားခဲ့ပြီး နံရံကပ်စာစောင်များ ပြသခြင်းနှင့် မွန်၊ မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားသည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)