ကျိုက်မရောမြို့၌ မိုးအဆက်မပြတ်ရွာသဖြင့် ကမ်းနားလမ်းရှိအနိမ့်ပိုင်းနေရာများသို့ မြစ်ရေများစတင်ဝင်ရောက်

ကျိုက်မရော   သြဂုတ် ၈

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ သြဂုတ် ၄ ရက်နေ့မှစတင်ကာ မိုးများအဆက်မပြတ်  ရွာသွန်းသဖြင့် ယနေ့နံနက်ပိုင်း၌ ရှင်စောပုရပ်ကွက် ၁ ကမ်းနားပိုင်းရှိ အနိမ့်ပိုင်းရပ်ကွက်များသို့ အတ္တရံမြစ်ရေများ  စတင်ဝင်ရောက်နေပြီဖြစ်သည်။

ယနေ့နံနက်ပိုင်းကစတင်ကာ ရှင်စောပုရပ်ကွက် ကမ်းနားပိုင်း၊ ထုံးဘိုပိုင်းရှိ မြစ်ကမ်းဘေးနေရာ၌   ရေနှစ်ပေခန့်ဝင်ရောက်လျက်ရှိပြီး နေအိမ်အောက်ထပ်များသို့ ရေများစတင်ဝင်ရောက်လျက်ရှိကြောင်း ထုံးဘိုပိုင်းရပ်ကွက်ရှိ ဒေသခံပြည်သူတစ်ဦးထံမှ သိရသည်။

ကျိုက်မရောမြို့နယ်တွင် သြဂုတ်လ ၈ ရက်နေ့၏ အတ္တရံမြစ်ရေ အမှတ်မှာ ၄၄၀ စင်တီမီတာရှိပြီး စိုးရိမ်ရေမှတ်မှာ ၅၂၀ စင်တီမီတာဖြစ်ကြောင်းနှင့် မိုးရေချိန်မှာ ၁.၀၆ လက်မရှိကြောင်း သိရသည်။

 ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)