ကျောက်ဖြူ ဩဂုတ် ၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အမှတ်(၃)အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို ယမန်နေ့မွန်းလွဲပိုင်းက ကျန်းမာရေးဌာနမှဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ဆရာ၊ ဆရာမများနှင့် ကျန်းမာရေးဌာနမှဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်းများကို စနစ်တကျဆောင်ရွက်ပေးပြီး ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ပုံမှန်အခြေအနေရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေးများအား ထိုးနှံပေးသည်။
ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကို ဩဂုတ်လ ၃ ရက်နေ့မှစ၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ ယနေ့တွင် အမှတ် (၃) အခြေခံပညာကျောင်းမှကျောင်းသား၊ ကျောင်းသူ (၂၆၆) ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးမှ သိရသည်။
တင်ထွန်းဦး ဖြိုးဝေလင်း