ကျိုက်ထို ဩဂုတ် ၇
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ စွမ်း ရည် ပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က မျိုးဆက်သစ် ကလေးငယ်များ ကာယ ဉာဏ စွမ်းရည်မြင့်မားပြီး လူမှုပတ်ဝန်းကျင်တွင် စွမ်းရည်ပြည့်ဝသော ရင်သွေးငယ်များ ဖြစ်လာစေရန် ပြိုင်ပွဲများကို ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ကြောင်း ပြောကြားပြီး စွမ်းရည်ပြိုင်ပွဲကို ပြုလုပ်ကာ အကဲဖြတ်ဒိုင်များက စိစစ်အကဲဖြတ်၍ ထူးချွန်သူများကို ဆုများပေးအပ်ခဲ့သည်။
အဆိုပါစွမ်းရည်ပြိုင်ပွဲများတွင် မူလတန်း ကြိုကျောင်းများမှ ကျောင်းသား/သူ(၂၇)ဦးတို့မှ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်းသိရသည်။
ဝင်းမောင်(ကျိုက်ထို)