သံဖြူဇရပ်မြို့နယ်ရှိ အခြေခံပညာကျောင်းများ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများဆောင်ရွက်

သံဖြူဇရပ် သြဂုတ် ၈

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ လျှပ်စစ်ကြောင့် မီးလောင်မှု မဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ မြို့နယ်မီးသတ်စခန်းမှ မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များမှ သံဖြူဇရပ်မြို့နယ်ရှိ အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(ကျိုက္ခမီ)နှင့် အ.လ.က(သီရိမြိုင်) စာသင်ကျောင်းများ၌ မီးလောင်မှုမဖြစ်ပေါ်စေရေးနှင့် မီးဘေးလုံခြုံးရေးအတွက် လျှပ်စစ်မီးသုံးစွဲမှုအခြေအနေ၊ လျှပ်စစ်ဝါယာကြိုးများ သွယ်တန်းထားရှိမှု၊ မီးသတ်ဆေးဘူးများရှိ/မရှိနှင့် သုံးစွဲရ/မရစသည့်အခြေအနေများကိုစစ်ဆေးပြီး၊ ကျောင်းလုံခြုံရေးတာဝန်ရှိသူအား မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး ဆောင်ရွက်သင့်သည်များကို အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)