မိုင်းခုတ် ဩဂုတ် ၈
မိုင်းဆတ်ခရိုင်၊မိုင်းခုတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှုခင်းသာကျေးရွာ(၃)နှင့် ရှုခင်းသာကျေးရွာ(၄)ကြား၊ မိုင်းဆတ်-မိုင်းခုတ်လမ်း မိုင်တိုင်အမှတ် ၁၂၉မိုင်၊၁၃၀မိုင်ကြား တွင် ယနေ့နံနက်(၈း၃၀) အချိန်ခန့်ကတောင်ပြိုမှု ဖြစ်ပွားကာ လူနှင့်တိရိစ္ဆာန်များ ထိခိုက်မှု မရှိပါကြောင်းနှင့် လမ်းဦးစီးဌာနမှ လမ်းလုပ်သား(၁၀)ဦး၊ ဒိုဇာ(၁)စီးဖြင့် ရှင်းလင်း၍ (၉း၃၀)အချိန်တွင် ခရီးသွားယာဉ်များ ပုံမှန်အတိုင်း သွားလာနိုင်ပြီဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သတင်းရသည်။
သီတာအေး ( ပြန် /ဆက်)