တာလေမြို့၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိစေရေး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်

တာလေ ဩဂုတ် ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့အတွင်းရှိ နားယောင်းကျေးရွာအုပ်စု၊ မိုင်းလင်းအရှေ့ကျေးရွာအုပ်စုနှင့် မိုင်းလင်းအနောက်ကျေးရွာအုပ်စုများအတွင်းရှိ စပါးစိုက်တောင်သူများ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အခမဲ့ ထောက်ပံ့ သည့် ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲကို ဩဂုတ် ၄ ရက် နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုး ရေးဦးစီးမှူး ဦးဝင်းလှိုင်က ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်မှုနှင့် ပတ်သက်၍ စပါးစိုက် တောင်သူများ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အခမဲ့ ထောက်ပံ့ပေးအပ်သည့်  ယူရီးယား ဓာတ်မြေဩဇာများအား နားယောင်းကျေးရွာအုပ်စုအတွင်းရှိ တောင်သူများအား(၂၉)အိတ်၊ မိုင်းလင်းအရှေ့ကျေးရွာအုပ်စုနှင့် မိုင်းလင်းအနောက်ကျေးရွာအုပ်စု များသို့ တစ်အုပ်စုလျှင်(၁၄)အိတ်စီဖြင့် (၂၈)အိတ် စုစုပေါင်း(၅၇)အိတ်ကို ထောက်ပံ့ပေးအပ်သွား မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်၊ စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းလှိုင်နှင့် တာဝန်ရှိသူတို့က ယူရီးယားဓာတ်မြေဩဇာများအား တောင်သူများထံ လက်ဝယ်အရောက် ထောက် ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)