ညောင်ဦး ဩဂုတ် ၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ မဟာငှက်ပစ် တောင်ဘုရားရှိ သက္ကရာဇ် ၄၀၂ ခုနှစ်၊ ရှင်အရဟံမထေရ်မြတ်၏ လမ်းညွှန်မှုဖြင့် အနော် ရထာမင်းကြီးတည်ထားသည့် ထိုင်တော်မူ ဂေါတမမြတ်စွာဘုရား ရုပ်ပွားတော်မြတ်ကြီး ဖူးမြှော်ပြီး ငှက်ပစ်တောင်ဘုရားဝင်းအတွင်း လိုဏ်ပေါက်များ ဖောက်လုပ်ထားမှု ဗိသုကာ ပညာရပ်များကို လေ့လာနိုင်ကြောင်း သိရသည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ မဟာငှက်ပစ်တောင်ဘုရားသည် ပုဂံခေတ်ဦးပိုင်းက ပျူစောထီးလုလင်သည် ကျားကြီး၊ ဝက်ကြီး၊ ရှူးပျံကြီး၊ ငှက်ကြီးနှင့် ဗူးမင်းစသော ရန်သူ ငါးဦးတို့ကို ရွပ်ရွပ်ချွံချွံ တွန်းလှန်ဖြိုဖျက် အောင်မြင်ခဲ့ပြီး ပျူးစောထီးမင်းဖြစ်လာသည့်အခါ အထိမ်းအမှတ်အဖြစ် ကောဇာသက္ကရာဇ် (၉၂) ခုနှစ်တွင် မဟာငှက်ပစ်တောင်ဘုရားကို တည်ထားခဲ့ကြောင်း၊ မဟာငှက်ပစ်တောင်ဘုရားသည် ပုဂံခတ်ဦးပိုင်းတွင် တည်ထားခဲ့သည့် ရှေးဟောင်းဘုရားတစ်ဆူဖြစ်သော်လည်း ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံလာခဲ့ကြသဖြင့် သစ်လွင်သော ဘုရားတစ်ဆူကဲ့သို့ ဖြစ်နေသည်။ ပျူစောထီးမင်း ငှက်ကြီး၏ရန်ကို အောင်မြင်ခဲ့သော အထိမ်းအမှတ်အဖြစ် မဟာငှက်ပစ်တောင်ဘုရားဟု ခေါ်တွင်ကြောင်း သိရသည်။ မဟာငှက်ပစ်တောင်ဘုရားတွင် သက္ကရာဇ် ၄၂၀ ခုနှစ်က ရှင်အရဟံ၏လမ်း ညွှန်မှုဖြင့် ထိုင်တော်မူ ဂေါတမမြတ်စွာဘုရားရုပ်ပွားတော်တစ်ဆူတည်ထားစေခဲ့ကြောင်း သိရသည်။ အနော်ရထာမင်းကြီးသည် ရှင်အရဟံမထေရ်မြတ် သီတင်းသုံး စံပယ်တော်မူနိုင်ရန် မဟာငှက်ပစ်တောင်ဘုရားအနီး၌ ဇေတဝန်ကျောင်းခေါ် ရှင်အရဟံအုတ်ကျောင်း တော်ကို ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း ရှင်အရဟံမထေရ်မြတ်၏နောက်ပါ သံဃာတော် (၁၅၀၀)ပါး သီတင်းသုံး နေထိုင်ရန်အတွက်လည်း မဟာငှက်ပစ်တောင်ဘုရားအနီးတွင် မြေဥမင်ပေါင်း (၈၉၉)ဥမင်တို့ကို ဖောက်လုပ်စေပြီးလှူဒါန်းခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။
မဟာငှက်ပစ်တောင်ဘုရားဝင်းအတွင် မြမာ၊အင်္ဂလိပ်နှစ်ဘာသာဖြင့် ရေးထိုးထားသည့် ရှင်အရဟံမထေရ်ကျောက်စာ၊ ရှင်အရဟံမထေရ်ထိုင်တော်မူရုပ်တု၊ ငှက်ကြီးရုပ်တု၊ ငှက်ပေါက်တွင်း၊ မြေသားဥမင်များ၊ ကျောက်သား အုန်းမောင်း၊ မျှားသစေတီနှင့်မဟာ ငှက်ပစ်တောင်ဘုရားတောင်ဘက်တွင် ပြန်ကြည့်ဂူနှင့် အနောက်မြောက်ဘက်တွင် ဆပ္ပ ဋောဘုရားတို့ကို ဖူမြှော်လေ့လာနိုင်ကြောင်း သိရသည်။
ဒီပါလင်း