မက်မန်းမြို့နယ်တွင် မှိုနီများ ရှာဖွေရောင်းချခြင်းဖြင့် မိသားစု စာဝတ်နေရေး အဆင်ပြေ

မက်မန်း ဩဂုတ် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်ရှိ ဒေသခံများအနေဖြင့် မိုးရာသီတွင် သဘာဝအလျှောက် ပေါက်ရောက်သော မှိုနီများကို ရှာဖွေ ရောင်းချခြင်းဖြင့် မိသားစု စားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိကြောင်း သိရသည်။

“မိုးရာသီတွင် သဘာဝအလျှောက်ပေါက်ရောက်သော မှိုနီများသည် အသားထူ၍ အရသာ ထူးခြားသဖြင့် စားသုံးသူများအကြိုက် မှိုတစ်မျိုးဖြစ်ကြောင်း၊ မှိုနီများကို ရှာဖွေရာတွင် ယခင်နှစ်များက ပေါက်ရောက်လေ့ရှိသော နေရာများတွင် သွားရောက်ရှာဖွေခြင်း၊ ဝါးရုံတောများ၌ ပေါက်ရောက်မှု များပြားခြင်း၊ ရက်ကြာရှည်စွာ မိုးရွာသွန်းပြီးနောက် နေပူသောနေ့များတွင် မှိုနီများ အထွက်များကြောင်း” မှိုနီရှာ‌ဖွေရောင်းချသူ ဦးအိုက်ကျင် ထံမှ သိရသည်။ သဘာဝအလျှောက် ပေါက်ရောက်သော မှိုနီများကို တစ်ပိဿာလျှင် ငွေကျပ် တစ်သောင်းမှ တစ်သောင်းနှစ်ထောင်ထိ ရောင်းချရကြောင်း၊ မှိုနီများကို ရှာဖွေရာတွင် (၁)ပိဿာမှ (၅)ပိဿာခန့်အထိ ရှာဖွေရရှိသဖြင့် မိသားစု စားဝတ်နေရေးအတွက် အဆင်ပြေလျက်ရှိကြောင်းလည်း သိရသည်။

စောဥမ္မာ(ပြန်/ဆက်)