ကျောက်ပန်းတောင်းမြို့နယ် အင်တောကျယ်ကျေးရွာထွက် ထန်းလက်ကုလားထိုင်များ ရောင်းအားအသင့်အတင့်သာ ရှိနေ

ညောင်ဦး ဩဂုတ် ၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အင်တော ကျယ်ကျေးရွာသည် ထန်းလက်ကုလားထိုင် အမြောက်အများ ပြုလုပ်ရောင်းချသည့် ကျေး ရွာဖြစ်ကာ ယခုနှစ်တွင်ထန်းလက်ကုလားထိုင်များ လာရောက်ဝယ်ယူမှု အသင့်အတင့်သာရှိသည့် နှစ်ဖြစ်ကြောင်း ကုလားထိုင်ပြုလုပ်ရောင်းချသည့် ဦးဝင်းနိုင်ထံက သိရသည်။

ထန်းလက်ကုလားထိုင်၊ ထန်းလက်စားပွဲ၊ ထန်းလက်ဖာများ ပြုလုပ်ရောင်းသည့် အင်တောကျယ်ကျေးရွာသည် ကျောက်ပန်းတောင်း-မိတ္ထီလာ ကားလမ်းမကြီးဘေးတ ဘက်တချက်တွင် တည်ရှိကာ ကျောက်ပန်းတောင်းမြို့မှ ငါးမိုင်ခန့်အကွာတွင် တည်ရှိပြီး နှစ်စဉ် နှစ်တိုင်း ထန်းလက်များ စုဆောင်းထားကာ ထန်းလက်ကုလားထိုင်မြောက်အများ ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုစီးပွားရေး တစ်နိုင်တစ်ပိုင် ဝင်ငွေရရှိနေကြကြောင်း သိရသည်။ အင်တောကျယ်ကျေးရွာတွင် ထန်းလက်ကုလားထိုင်များအား ကားလမ်းဘေးဝဲ/ယာတွင် ချထားပြီး ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသို့ ဘုရားဖူး လာရောက်ပြီး အပြန်တွင် ကားရပ်ဝယ်ယူမှုများကြကြောင်း၊ အခါတိုင်းနှစ်များတွင် ထန်းလက်ကုလားထိုင် ရောင်းအားကောင်းကြပြီး ယခုနှစ်တွင် ထန်းလက်ကုလားထိုင်များ ရောင်းချရမှု အသင့်အ တင့်သာရှိကြောင်း ထန်းလက်ကုလားထိုင် ပြုလုပ်ရာတွင် ထန်းလက်များအား တစ်လက်တစ်ရာ ကျပ်ဖြင့် ရသလောက် ဝယ်ယူစုဆောင်းထားကာ ထန်းလက်ကုလား ထိုင်ပြုလုပ်ကြကြောင်း၊ ထန်းလက်ကုလားထိုင် ပြုလုပ်ရန် စောက်၊တူ၊ သံမှိုသာလိုအပ်ပြီး ကုလားထိုင် ခြေထောက်၊ ကုလားထိုင်အခင်း၊ ကုလားထိုင်ကွပ်များကို ထန်းလက်ဖြင့် သာပြုလုပ်ရောင်းချပြီး ကုလားထိုင်တစ်လုံး ၆၀၀၀ ကျပ်၊ ခြေဆန့်အိပ်ကုလားထိုင် တစ်လုံး ၈၀၀၀ ကျပ်၊ ထန်းခေါက်ဖာကတော့ အကြီး/အသေးပေါ် မူတည်ပြီး ဈေးကွာခြားကြောင်း သိရပြီး ယခုနှစ်တွင် ထန်းလက်ကုလားထိုင်ရောင်းချရမှု အသင့်အတင့်ရှိကာ အခါတိုင်းနှစ်များတွင် ထန်းလက် ကုလားထိုင် အမြောက်အများ ရောင်းချရကြောင်း၊ ထန်းလက်ကုလားထိုင် ရောင်းချရမှု အသင့်အတင့်ရှိသည့် နှစ်တနှစ်ဖြစ်ကြောင်းလည်း ဦးကျော်ကျော်နိုင်က ရှင်းပြ၍ သိရသည်။

ဒီပါလင်း