ကွတ်ခိုင် ဩဂုတ် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ စည်ပင်သာယာရေးဌာနအနေဖြင့် စားသုံးသူပြည်သူများဈေးနှုန်း သက်သာစွာဝယ်ယူစားသုံးနိုင်ရေးအတွက် ဌာနပိုင်ဈေးများအတွင်း အမဲသားနှင့် ဝက်သားများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခဲ့ရာသို့ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့်အဖွဲ့ဝင်များမှ ကြည့်ရှုခဲ့ကြရာ အသားဆိုင်များ၌ လက်ရှိမြေပြင်တွင် ရောင်းချလျက်ရှိသော အမဲသားနှင့်ဝက်သားများ၏ ဈေးနှုန်းများအား ကွတ်ခိုင်မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့မဈေးအတွင်း ဖွင့်လှစ်ရောင်းချနေသည့် ဝက်၊ အမဲသား ဈေးဆိုင်ခန်းများတွင် အမဲသား(အသား/အရိုး) ပျှမ်းမျှ စျေး(၁)ပိဿာလျှင် ငွေကျပ် ၁၈၀၀၀၊ အူ(၁)ပိဿာလျှင် ငွေကျပ် ၇၀၀၀၊ ကလီစာ (၁) ပိဿာလျှင်ငွေကျပ် ၈၀၀၀၊ ဝက်သား(အသား)ပျှမ်းမျှ (၁)ပိဿာလျှင် ငွေကျပ် ၁၈၀၀၀၊ဝက်သား(အသား/အရိုး)ပျှမ်းမျှ (၁)ပိဿာ ငွေကျပ် ၁၂၀၀၀၊ အူ(၁)ပိဿာလျှင် ငွေကျပ် ၆၀၀၀၊ ကလီစာ (၁) ပိဿာလျှင် ငွေကျပ် ၈၀၀၀၊ ဈေးနှုန်းဖြင့် ဗီနိုင်း ဆိုင်းဘုတ်များချိတ်၍ ဈေးနှုန်းများကို စည်ပင်သာယာရေးဌာနမှ သတ်မှတ်ပေးထားသည့် စျေးနှုန်းများ အတိုင်းရောင်းချသွားရန် သက်ဆိုင်ရာဈေးများအလိုက် ဝက်၊ အမဲသားများ ရောင်းချနေသည့် ဈေးသည်များအား စည်းကမ်းချက်သတ်မှတ် ထားရှိပေးထားကြောင်း သိရသည်။
ကွတ်ခိုင် (ပြန်/ဆက်)