လယ်ဝေး သြဂုတ် ၆
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ စမတောင်လမ်းဘေး၊ အင်တောသာကျေးရွာအနီးတွင် ယနေ့နံနက် ၈ နာရီက ၂၀၂၃ ခုနှစ်၊ ဒုတိယအကြိမ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပသည်။
ရှေးဦးစွာ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းကျော်သူ၊ အတွင်းရေးမှူး ရဲမှူးမိုးကျော်သူတို့က ရတနာတန်းဝင် ကျွန်းပင်အား စိုက်ပျိုးပေးပြီး ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဉီးနိုင်လင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူများက ကျွန်းပင်၊ ပိတောက်ပင်၊ စိန်ပန်း၊ မျောက်ငို၊ ယင်းမာ၊ ပျဉ်းမ စသည့်ပျိုးပင် ၆၀၀ အား တပျော်တပါး စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)