ကလောမြို့နယ်၌(၁၃)ကြိမ်မြောက်မြို့လုံးကျွတ်ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်တော် လှူဒါန်းပွဲကျင်းပ

 ကလော   ဩဂုတ်     ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် မိဘပြည်သူစေတနာရှင်၊ အလှူရှင်များ၊ တပ်နယ်၊ တပ်မ၊တပ် ရင်း တပ်ဖွဲ့မိသားစု အလှူရှင်များ၊ ဌာနဆိုင်ရာမိသားစုများ၊ တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအသင်း၊ ပအိုဝ့်စာပေနှင့်ယဉ် ကျေးမှုအသင်း၊ ရပ်နီးရပ်ဝေးမှ အလှူရှင်၊ စေတနာရှင်များ ကစုပေါင်း၍ (၁၃)ကြိမ်မြောက်မြို့နယ်လုံး ကျွတ်ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်တော် လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာခွဲအချိန်က ကလောမြို့၊ မြို့မပရိယတ္တိ စာသင်တိုက်၌ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာအခမ်းအနားကို ရဟန်းရှင်လူဧည့်ပရိတ် သတ်အပေါင်းတို့က "နမောတဿ" သုံးကြိမ်သံပြိုင် ညီညာရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး အောင်ပန်းမြို့အောင် စကြာကျောင်း မြို့နယ်ဩဝါဒါစရိယ ဆရာတော်ဘုရားကြီးအားဩကာသဖြင့် ညီညာဖျဖျ ကန်တော့ ကြ၍ သရဏဂုံ(၃)ပါးနှင့်တကွငါးပါး သီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် ဆရာတော်သံဃာတော်အရှင်မြတ်တို့က မေတ္တာသုတ်တရားတော်များ ပရိတ်တရားချီးမြင့် တော်မူခြင်း၊ ကောင်းမှုရှင်များ၏ အမည်စာရင်းများဖတ်ကြားခြင်းနှင့် စစ်ဦးစီးတက္ကသိုလ် ခေတ္တကျောင်း အုပ်ကြီးအမှူးပြု၍ သင်္ကန်းအလှူရှင်များက ကလောမြို့နယ်အတွင်း ရှိဘုန်းတော်ကြီးကျောင်း (၁၉၈)ကျောင်းမှဆရာတော်ကြီးများနှင့်ပင့်သံဃာတော်အရှင်သူမြတ် (၃၂၀)တို့တို့အား ဝါဆိုသင်္ကန်းနှင့်လှူဖွယ် ဝတ္တုများ၊ ဆွမ်းဆန်အိတ်များ ဆပ်ကပ်လှူဒါန်း ခဲ့ကြပြီး အောင်ပန်းမြို့လှည်း ရိုးကျောင်းနိုင်ငံတော်ဗဟိုဝန်ဆောင် ဆရာတော် က တရားချီးမြှင့် ခြင်းနှင့် ရေစက်ချတရားတော် ချီးမြှင့်တော်မူခဲ့ပြီးအခမ်းအနားကို ဗုဒ္ဓသာသနာစိရံတိဌတု (၃)ကြိမ်သံပြိုင် ညီညာရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)