သာစည် ဩဂုတ် ၆
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ရှိ ညောင်ရမ်း၊ ယင်းမာပင်၊ ဟံဇားနှင့်လှိုင်းတက် တိုက်နယ်ဆေးရုံများအတွက် ရန်ကုန်မြို့နေ ဦးလှဝင်း MK Company Limited မှ လှူဒါန်းပေးသော Oxygen Concentrator ၁၀ လီတာ သုံးလုံးနှင့် ၅ လီတာ တစ်လုံးတို့ကို ဩဂုတ် ၄ ရက်က အဆိုပါဆေးရုံများသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
Oxygen Concentrator များကို သာစည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတေဇာမြင့်နှင့် ဦးစိုးဝင်းအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းနေလင်းနှင့် သာစည်မြို့ရွှေနဂါးကုမ္ပဏီလီမိတက်မှ ဦးဘဇံတို့က အဆိုပါတိုက်နယ်ဆေးရုံများသို့ သွားရောက်၍ အလှူရှင်ကိုယ်စား လွှဲပြောင်းပေးအပ်လှူဒါန်းရာ ဆေးရုံများမှတာဝန်ရှိသူများနှင့် ဆေးရုံအကျိုးဆောင်ကော်မတီဝင်များက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)