လားရှိုး ဩဂုတ် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်းမြို့သို့ သွားရောက်၍ အလုပ်လုပ်ကိုင်ကြသူများနေကြောင်း သိရသည်။
ပန်ဆန်းမြို့သည် တရုတ်နိုင်ငံနှင့်ထိစပ်လျက်ရှိသည့် နယ်စပ်မြို့တစ်မြို့ဖြစ်ပြီး လားရှိုး တန့်ယန်းလမ်း၊ လားရှိုး- ဟိုပန်- မိုင်းမော- ပန်ဆန်းလမ်းတို့မှတစ်ဆင့် သွားရောက်နိုင်သလို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အရှေ့ပိုင်းမြို့များမှလည်း သွားရောက်နိုင်သည်။
“အခုကပန်ဆန်းမြို့မှာ အလုပ်သွားလုပ်ကြတဲ့သူတွေများလာတယ်။ အရင်က ပန်ဆန်းကို လားရှိုးကနေသွားရင် တန့်ယန်းမြို့မှာတစ်ည အိပ်ရသေးတယ်။ အခုက အဲ့လိုမဟုတ်တော့ဘူး၊ လမ်းကောင်းသွားပြီး လားရှိုး-တန့်ယန်း-ပန်ဆန်း နေ့ချင်းပေါက်တယ်။ အရင်တုန်းကတော့ ဖိုးဝီးတွေလို ကားအမြင့်တွေ ပဲသွားလို့ရတယ်၊၊ အခုက ဗင်ကားတွေလို အနိမ့်ကားတွေ တောင်သွားကြတယ်။ ”ဟု ခရီးသည်တစ်ဦးက ပြောသည်။
လားရှိုးမှ ပန်ဆန်းသို့သွားမည်ဆိုပါက မော်တော်ယာဉ်စီးနင်းခမှာ တစ်ယောက်လျှင် တရုတ်ငွေယွမ် သုံးရာ မြန်မာကျပ်ငွေအားဖြင့် လက်ရှိပေါက်ဈေးအရ တစ်သိန်းရှစ်သောင်းခန့်ထိ ဈေးရှိကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)