စဉ့်ကိုင်မြို့နယ်ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ကူးစက်မှုဆိုင်ရာ အသိပညာ ပေး နံရံကပ် စာစောင်များ ပြသ

စဉ့်ကိုင်     အောက်တိုဘာ   ၁၄


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန် သိရှိစေရန် ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များကိုပြသဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် မီဒီယာနှင့်သတင်းအချက်အလက်များ သိရှိနားလည်မှုရှိသော မိဘ၊ အုပ်ထိန်းမှုအတတ်ပညာနှင့် ကျန်းမာရေးဆိုင်ရာနည်းလမ်းများ  ကိုဗစ်-၁၉  ရောဂါဆိုင်ရာအချက်အလက်နှင့် ထင်မြင်ယူဆချက်များ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်းဆွေးနွေး ရာတွင်ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များစသည့်အကြောင်းအရာများပါ၀င်သော UNESCO မှပေးပို့လာသည့် ကိုဗစ်-၁၉ကူးစက်ဖြစ်ပွားမှု များနှင့်ပတ်သက်၍ အသိပညာ ပေး ရုပ်ပုံများကို ပြည်သူများ လေ့လာသိရှိပြီး လိုက်နာဆောင်ရွက်နိုင်စေရေး စသည့်လေ့လာ မှတ်သားဖွယ် ဗဟုသုတမျိုးစုံပါရှိသည့် အကြောင်းအရာ များကို ပြသထားကြောင်းသိရသည်။
ထို့ပြင် ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်သည့် အသိပညာပေးနှိုးဆော်စာများ၊ ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေး စာစောင်များ ကိုလည်း ပြည်သူများ သိရှိလေ့လာနိုင်စေရန်အတွက် မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားကြောင်း သိရှိရသည်။                                                
၀င်း၀င်းသန်း(စဉ့်ကိုင်ပြန်/ဆက်)