နေပြည်တော် အောက်တိုဘာ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပရာတွင် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အထူးရဲများအား ကိုဗစ်- ၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အထူးရဲများအား ကိုဗစ်- ၁၉ ရောဂါပိုး ရှိ/မရှိ ကိုဗစ်-၁၉ Antigen(RTD) Test Kit များဖြင့် စစ်ဆေးခြင်းကို ဒက္ခိဏခရိုင်မှ အထူးရဲ(၃၅၃)ဦးကို ဒက္ခိဏသီရိမြို့နယ်၊ ခုတင်(၅၀)ဆံ့ ဆေးရုံတွင် လည်းကောင်း၊ ဥတ္တရခရိုင်မှ အထူးရဲ(၃၃၆)ဦးကို ဇေယျာသီရိမြို့နယ်၊ ခုတင်(၅၀)ဆံ့ ဆေးရုံတွင်လည်းကောင်း စုစုပေါင်း(၆၈၉)ဦးကို swab ယူစစ်ဆေးဆောင်ရွက်ခဲ့ရာ အားလုံး (Negative) ပိုးမတွေ့ အဖြေရရှိကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးစုကြည် က ပြောသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် မြို့နယ်(၈)မြို့နယ်၊ ရပ်ကွက်(၅၈)ခု၊ ကျေးရွာအုပ်စု(၁၈၇)စု၊ မဲရုံပေါင်း(၆၄၆)ရုံ၊ ဆန္ဒမဲပေးမည့်သူပေါင်း(၈၆၆၅၈၇)ဦး ရှိကြောင်း ပြည်ထောင်စုနယ်မြေ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
နေပြည်တော် (ပြန်/ဆက်)