ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်အတွင်း မိုးရာသီ​စျေး​ရောင်းပွဲ​တော် စတင်ဖွင့်လှစ်​ရောင်းချ

ဒဂုံ   သြဂုတ်   ၅

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်အရှေ့ရပ်ကွက်၊ ပြည်လမ်း၊ ပြည်သူ့ရင်ပြင်အတွင်း ၂၀၂၃ ခုနှစ် မိုးရာသီစျေးရောင်းပွဲတော်၊ စက်မှုထုတ်ကုန်ပြပွဲနှင့် လျှပ်စစ်ကား(EV)ပြပွဲ ဖွင့်ပွဲအား ယ​မန်နေ့ နံနက် ၈းဝဝ နာရီကစတင်ဖွင့်လှစ်​ရောင်းချခဲ့သည်။            

အဆိုပါ​ ပြည်သူ့ရင်ပြင်အတွင်းရှိ မိုးရာသီစျေး​ရောင်းပွဲ​တော်သို့ ရန်ကုန်တိုင်း​ဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ဖွင့်လှစ်​ပေးခဲ့ကြပြီး ဖွင့်ပွဲအပြီးတွင် ဆိုင်ခန်းများ၊ ပြခန်းများ၊ စက်မှုထုတ်ကုန်ပြပွဲနှင့် လျှပ်စစ်ကား(EV)ပြပွဲများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် အသင်းအဖွဲ့များကလည်း သန့်ရှင်းလတ်ဆတ်၍ ဈေးနှုန်းချိုသာသော အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥ၊ ဆီနှင့်ဆန်တို့ကို ပြည်သူများလွတ်လပ်စွာ ဝယ်ယူစားသုံးနိုင်‌ရန် ရောင်းချပေးလျက်ရှိ​ပြီး စျေးရောင်းပွဲ​တော်အား သြဂုတ်လ ၆ ရက်​နေ့အထိ ဖွင့်လှစ်​ရောင်းချ​ပေးသွားမည်ဖြစ်​ကြောင်း သတင်းရရှိပါသည်။

 ကြည်ဇေသော်