ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက် ရန်အတွက် ကွင်းဆင်းစစ်ဆေး

ဟိုပုံး အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်းများဖြစ်သည့် ပေါင်လင်း ကျေးရွာအုပ်စု ထီဆိုင်းကျေးရွာနှင့် လွယ်တဝိုင်းကျေးရွာ ကုန်ထုတ်လမ်းများဆောင်ရွက်ရန်အတွက် ယနေ့နံနက် ၁၁ နာရီအချိန် က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးလွင်မြင့်နှင့် ဝန်ထမ်းများက ပေါင်လင်းကျေးရွာအုပ်စု ထီဆိုင်းကျေးရွာ လမ်းအရှည် (၂/၀)မိုင် Box Culvert (၃)စင်းနှင့် လွယ်တဝိုင်းကျေးရွာ လမ်းအရှည်(၀/၅)မိုင် တို့ကို တည်နေရာသတ်မှတ်ခြင်း၊ ဆိုင်းဘုတ်ထောင်ခြင်း၊ လမ်းအစအဆုံးနေရာများ သတ်မှတ်ခြင်းတို့ကို ကျေးရွာရွာတာဝန်ရှိသူများနှင့် ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

နေမင်းထွန်း(ဟိုပုံး)